ယေဇကျေလ 46:9 - မြန်မာ့စံမီသမ္မာကျမ်း9 ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။ Ver CapítuloCommon Language Bible9 ``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။- Ver CapítuloGarrad Bible9 ပြု မြဲ ပွဲ များ၌ ထာ ဝ ရ ဘု ရား ထံ တိုး ဝင် သော ပြည် သူ ပြည် သား တို့ သည်၊ မြောက် တံ ခါး ဖြင့် ရှိ ခိုး ရန် ဝင် ရောက် လျှင်၊ တောင် တံ ခါး ဖြင့်လည်း ကောင်း၊ တောင် တံ ခါး ဖြင့် ဝင် ရောက် လျှင်၊ မြောက် တံ ခါး ဖြင့်လည်း ကောင်း၊ ဝင် ရောက် ရာ တံ ခါး ဖြင့် မ ပြန် ဘဲ၊ တည့် တည့် သွား၍ ထွက် ကြ ရ မည်။ Ver CapítuloJudson Bible9 ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွှတ်ချခြင်းငှာ မြောက်တံခါးဖြင့် ဝင်သောသူသည် တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက်တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါး တစ်ဖက်တစ်ချက်၌ရှိသော တံခါးဖြင့်ထွက်ရမည်။ Ver Capítulo |
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။