ယေဇကျေလ 46:12 - မြန်မာ့စံမီသမ္မာကျမ်း12 စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို မင်းသားသည် ထာဝရဘုရားထံ စေတနာအလျောက်ဆက်သသောအခါ အရှေ့မုခ်ဆောင်တံခါးကို ဖွင့်ထားရမည်။ သူသည် ဥပုသ်နေ့တွင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဆက်သသကဲ့သို့ ဆက်သရမည်။ ဆက်သပြီး ပြန်ထွက်သွားသောအခါ တံခါးကို ပြန်ပိတ်ထားရမည်။ Ver CapítuloCommon Language Bible12 ``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible12 ပြည့် ရှင် မင်း သည်၊ ထာ ဝ ရ ဘု ရား အ ဖို့ မီး ရှို့ ရာ သ က္ကာ ကို သော် လည်း ကောင်း၊ မိဿ ဟာ ယ သ က္ကာ ကို သော် လည်း ကောင်း၊ စေ တ နာ အ လျောက် စီ မံ သော အ ခါ တိုင်း၊ အ ရှေ့ တံ ခါး ဖွင့် ပြီး မှ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ရ သ က္ကာ များ ကို၊ ဥ ပုသ် နေ့ ထုံး နည်း အ လိုက် စီ မံ၍ ထွက် သွား စေ၊ ထွက် လျှင် ထွက် ချင်း၊ တံ ခါး ကို ပိတ် ရ မည်။ Ver CapítuloJudson Bible12 မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရားအား ပူဇော်သကာ ပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည် ဥပုသ်နေ့၌မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှထွက်သွား၍ တံခါးကို ပိတ်ထားရမည်။ Ver Capítulo |
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။