ယေဇကျေလ 44:24 - မြန်မာ့စံမီသမ္မာကျမ်း24 အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။ Ver CapítuloCommon Language Bible24 အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။ Ver CapítuloGarrad Bible24 အ မှု ရှိ သ မျှ ကို ငါ့ ဆုံး ဖြတ် ချက် အ လိုက် ဆုံး ဖြတ် ခြင်း၊ ပြု မြဲ ပွဲ တော် ရှိ သ မျှ ကို၊ ငါ့ ဥ ပ ဒေ ချက် နှင့် ထုံး ဖွဲ့ ချက် အ လိုက် စောင့် ရှောက် ခြင်း၊ ဥ ပုသ် နေ့ တော် ကို သီး သန့် ထား ခြင်း များ ပြု ကြ ရ လ တ္တံ့။ Ver CapítuloJudson Bible24 တရားတွေ့မှုကို စီရင်လျှင်၊ ငါ၏ဓမ္မသတ်အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကိုလည်းကောင်း၊ ငါ၏ဥပုသ်နေ့တို့ကိုလည်းကောင်း စောင့်ရှောက်ရကြမည်။ Ver Capítulo |
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။