ယေဇကျေလ 44:10 - မြန်မာ့စံမီသမ္မာကျမ်း10 အစ္စရေးလူမျိုးတို့ လမ်းလွဲသွားသောအခါ လေဝိအမျိုးသည်လည်း ငါနှင့်ဝေးသွားကြ၏။ ငါ့ထံမှလမ်းလွဲ၍ ရုပ်တုနောက်သို့ လိုက်ကြ၏။ သူတို့သည် ကိုယ့်အပြစ်ကိုယ်ခံကြရမည်။ Ver CapítuloCommon Language Bible10 ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။- Ver CapítuloGarrad Bible10 ရုပ် ပွား ဆင်း တု များ နောက်၊ ဣ သ ရေ လ လူ မျိုး တို့ လမ်း လွှဲ ရာ တွင်၊ ငါ မှ ခွာ သွား သော လေ ဝိ ဂိုဏ်း သား တို့ မှာ မူ၊ ကိုယ့် ဒု စ ရိုက် ဝန် ကို ထမ်း ဆောင် လျက် ပင်၊ Ver CapítuloJudson Bible10 ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွားသောအခါ၊ ငါ့ထံမှထွက်၍ လမ်းလွှဲသော လေဝိသားတို့သည်လည်း ကိုယ်အပြစ်ကိုခံရကြမည်။ Ver Capítulo |
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။