Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 40:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အခန်းငယ်​များ​သည် တစ်ခန်း​လျှင် အလျား​ကျူချောင်း​တစ်ပြန်စာ​၊ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ တစ်ခန်း​နှင့်​တစ်ခန်း ငါး​တောင်​စီ​ကွာ​၏​။ အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​တံခါးဝ​ရှိ​တံခါးခုံ​သည်​လည်း ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

7 တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-

Ver Capítulo Copiar

Garrad Bible

7-8 ကင်း တဲ တိုင်း အ နံ အ လျား ကား၊ တာ တစ် ဝါး စီ၊ ကင်း တဲ များ ကြား တွင် ငါး တောင် စီ၊ ဗိ မာန် တော် ရင် ဆိုင် တံ ခါး မုတ် ဆောင်၏ တံ ခါး ခုံ အ လျား တာ တစ် ဝါး ရှိ ၏။

Ver Capítulo Copiar

Judson Bible

7 အ​ခန်း​ငယ်​တို့​သည် တစ်​ခန်း​နှင့် တစ်​ခန်း ငါး​တောင်​ကွာ​လျက် အ​လျား​ကျူ​တစ်​ပြန်၊ အ​နံ​လည်း ကျူ​တစ်​ပြန်​စီ​ရှိ​ကြ၏။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 40:7
14 Referencias Cruzadas  

သူ​တို့​၏​တာဝန်​မှာ အာရုန်​၏​သားမြေး​များ ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​သောအခါ ဝိုင်းကူ​ပေး​ရန်​ဖြစ်​၏​။ အိမ်​တော်​ဝင်း​၊ အိမ်​တော်​အခန်း​များ​၊ သန့်ရှင်းရာဌာန​ရှိ​အရာ​အားလုံး သန့်ရှင်းသပ်ရပ်​အောင်​ဆောင်ရွက်​ရန်​နှင့် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို ထမ်းဆောင်​ရန်​အတွက်​ဖြစ်​၏​။


သစ္စာရှိ​သော​လေဝိ​အမျိုးသား​တံခါးမှူး​လေး​ယောက်​မှာ ဘုရားသခင်​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် အခန်း​များ​ကို စောင့်ကြပ်​ပေး​ရ​၏​။


ရွှေ​သံမှို​များ​၏​အလေးချိန်​မှာ ရှယ်ကယ်​ငါးဆယ်​ရှိ​၏​။ အထက်ခန်း​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​၏​။


ထို့နောက် ဟေဇကိ​မင်းကြီး​က ထာဝရဘုရား​၏​အိမ်​တော်​၌ သိုလှောင်ခန်း​များ​ကို ပြင်ဆင်​ထား​ရန် မိန့်မှာ​သဖြင့် သူ​တို့​သည်​လည်း သိုလှောင်ခန်း​များ​ကို အသင့်ပြင်ဆင်​ထား​ကြ​၏​။


ဂျေရုဆလင်​မြို့​ရှိ​ထာဝရဘုရား​၏​အိမ်​တော်​ခန်း​တွင် ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​သား​တို့​၏​ခေါင်းဆောင်​များ​၊ အစ္စရေး​လူမျိုး ဘိုးဘေး​တို့​၏​အကြီးအကဲ​များ​ရှေ့​တွင် ထို​ပစ္စည်း​တို့​ကို ချိန်တွယ် မ​ပြီး​မ​ချင်း ဂရုတစိုက်​စောင့်ရှောက်​ရ​မည်​”​ဟု မှာလိုက်​၏​။


ဘုရားသခင်​၏​လူ ဣဂဒါလိ​၏​သား​ဖြစ်​သော ဟာနန်​၏​သား​တို့ အခန်း​သို့ သွား​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွင်း​ရှိ ရှလ္လုံ​၏​သား တံခါးစောင့်​မာသေယ​နေ​သော​အခန်း​၏​အပေါ်​ထပ်​၌​ရှိ​သော အကြီးအကဲ​များ​၏​အခန်း​နှင့်​ကပ်​လျက်​ရှိ​၏​။


အရှေ့​မုခ်ဆောင်​တံခါးဝ​၏​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ အခန်းငယ်​သုံးခန်းစလုံး အရွယ်အစား​တူ​၏​။ အခန်းငယ်​တို့​၏​တစ်ဖက်တစ်ချက်​ရှိ တိုင်​များ​သည်​လည်း အရွယ်အစား​တူ​၏​။


မုခ်ဆောင်​တစ်ဘက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ တိုင်​များ​နှင့်​ဆင်ဝင်​သည် ယခင်​တိုင်း​ခဲ့​သော​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။


ထို​မုခ်ဆောင်​၏​အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​နှင့် ဆင်ဝင်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။


အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။


အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ ထို​မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။


ထို့နောက် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။


အပေါ်ဆုံး​ထပ်​၏​အခန်း​များ​မှာ ကျဉ်း​၏​။ အကြောင်းမှာ အဆောင်​အပေါ်ဆုံး​ထပ်​၏​လျှောက်လမ်း​သည် အောက်ဆုံးထပ်​နှင့် အလယ်ထပ်​တို့​ထက် နေရာယူ​ထား​သောကြောင့်​ဖြစ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos