ယေဇကျေလ 40:38 - မြန်မာ့စံမီသမ္မာကျမ်း38 မုခ်ဆောင်တံခါးတိုင်နားတွင် တံခါးပေါက်ပါသောအခန်းတစ်ခန်းရှိ၏။ ထိုနေရာတွင် မီးရှို့ရာယဇ်ကောင်ကို ဆေးကြောကြ၏။ Ver CapítuloCommon Language Bible38 တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။- Ver CapítuloGarrad Bible38 တံ ခါး တိုင် နံ ရံ များ အ နီး၌၊ မီး ရှို့ ရာ သ က္ကာ ကို ဆေး ကြော ရန်၊ တံ ခါး ပေါက် နှင့် တ ကွ အ ခန်း ရှိ၏။ Ver CapítuloJudson Bible38 မီးရှို့သော ယဇ်ကောင်ကို ရေနှင့် ဆေးကြောစရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုခ်၌ ရှိကြ၏။ Ver Capítulo |
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။