Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 40:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး နှစ်ဆယ့်​ငါး​နှစ်​မြောက်​နှစ်​ဦး​ပိုင်း​၊ ဂျေရုဆလင်​မြို့​တိုက်ခိုက်​ခံရ​ပြီး တစ်ဆယ့်​လေး​နှစ်​မြောက်​၊ လဆန်း​ဆယ်​ရက်​နေ့​၊ ထို​နေ့​တွင်​ပင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​ရောက်လာ​၍ ငါ့​အား ထို​မြို့​သို့ ဆောင်သွား​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

1 နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။-

Ver Capítulo Copiar

Garrad Bible

1 တစ် ဖန်၊ ငါ တို့ သိမ်း သွား ခံ ရ သော နှစ် ဆယ့် ငါး နှစ်၊ မြို့ တော် ပေါက် သော တစ် ဆယ့် လေး နှစ်၊ နှစ် ဦး လ ဆယ် ရက် တွင် ပင်၊ ငါ့ အ ပေါ်၌ ထာ ဝ ရ ဘု ရား၏ လက် တော် တည် လျက် ရှိ ရာ၊ မြို့ တော် သို့ ငါ့ ကို ဆောင် ကြွ တော် မူ ၏။

Ver Capítulo Copiar

Judson Bible

1 ငါ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ သ​က္က​ရာဇ်​နှစ်​ဆယ်​ငါး​ခု၊ ပ​ထ​မ​လ​ဆယ်​ရက်​နေ့၊ မြို့​တော်​ကို လုပ်​ကြံ၍၊ တစ်​ဆယ်​လေး​နှစ် စေ့​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ထို​မြို့​သို့​ဆောင်​သွား​တော်​မူ၏။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 40:1
17 Referencias Cruzadas  

အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။


နှစ်ပေါင်း​လေး​ရာ့​သုံးဆယ်​ပြည့်​သော​နေ့​၌​ပင် ထာဝရဘုရား​၏​လူစု​အပေါင်း​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​ကြ​၏​။


“​ပထမ​လ​၏​ပထမ​နေ့​၌ သင်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​၍


ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဖွင့်ပြ​တော်မူ​သော​ဗျာဒိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို သုံ့ပန်း​တို့​ရှိ​ရာ ခါလဒဲ​ပြည်​သို့ ပြန်ချီဆောင်​လာ​၏​။ ထို့နောက် ငါ​မြင်​ရ​သော ဗျာဒိတ်အာရုံ​သည် ပျောက်ကွယ်​သွား​၏​။


အနှစ်​နှစ်ဆယ့်​ခုနစ်​နှစ်​မြောက်​၊ ပထမ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ထိုသို့ ဝိညာဉ်​တော်​က ငါ့​ကို​ချီဆောင်​သွား​သောအခါ ငါ​သည် ပူပန်စိတ်​လောင်မြိုက်​လျက် လိုက်ပါ​သွား​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​အားကြီး​စွာ​တည်​လျက်​ရှိ​၏​။


ထို​အရပ်​တွင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​၌​တည်​၍ “​လွင်ပြင်​သို့ ထ​သွား​လော့​။ ထို​နေရာ​တွင် သင့်​ကို ငါ​စကားပြော​မည်​”​ဟု မိန့်​တော်မူ​၏​။


တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ တစ်ဆယ့်​နှစ်​လ​ပိုင်း​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ပထမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ဒသမ​လ​၊ ငါး​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​မှ ထွတ်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး ငါ့​ထံသို့​ရောက်လာ​၍ “မြို့​တော်​ကြီး​တိုက်ခိုက်​ခံရ​လေ​ပြီ”​ဟု ကြားပြော​လေ​၏​။


ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။


ဆဋ္ဌမ​နှစ်​၊ ဆဋ္ဌမ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် အိမ်​၌​ထိုင်​နေ​၍ ယုဒ​လူ​သက်ကြီးဝါကြီး​တို့​သည်​လည်း ငါ့​ရှေ့​၌​ထိုင်​နေ​ကြ​စဉ် ဘုရားရှင်​ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ် သက်ရောက်​လာ​၏​။


သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos