ယေဇကျေလ 4:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် သံပြားတစ်ချပ်ကိုယူ၍ သင်နှင့်မြို့ပုံအကြားတွင် သံမြို့ရိုးသဖွယ် ကာထားလော့။ သင်သည် မြို့ဘက်သို့ စိုက်ကြည့်လော့။ ထိုအခါ မြို့သည် ဝိုင်းထားခြင်းခံရသကဲ့သို့ ဖြစ်မည်။ ဤသို့ မြို့ကိုဝိုင်းထားခြင်းသည် အစ္စရေးအမျိုးအနွယ်တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ Ver CapítuloCommon Language Bible3 သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ Ver CapítuloGarrad Bible3 သံ မြို့ ရိုး အ ဖြစ်၊ သင် နှင့် မြို့ ပုံ ကြား တွင် သံ အိုး ကင်း ကို ယူ ထား ပြီး လျှင် မြို့ ပုံ ကို မျက် နှာ မူ လျက် ပိတ် ဆို့ ရန် ဝိုင်း ထား လော။ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ သက် သေ လ က္ခ ဏာ ဖြစ် လိမ့် သ တည်း။ Ver CapítuloJudson Bible3 ထိုမှတစ်ပါး၊ သံပြားကိုယူ၍၊ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှာ ထောင်ပြီးလျှင်၊ မြို့တစ်ဖက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ Ver Capítulo |