ယေဇကျေလ 38:2 - မြန်မာ့စံမီသမ္မာကျမ်း2 “အချင်းလူသား၊ မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင်ဖြစ်သော မာဂေါဂဘုရင်ဂေါဂမင်းကြီးရှိရာသို့မျက်နှာမူပြီး သူ့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ Ver CapítuloCommon Language Bible2 ကိုယ်တော်က``အချင်းလူသား၊ မာဂေါဂပြည်၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီးဆုံး ဖြစ်သောအုပ်စိုးသူဂေါဂမင်းအားရှုတ်ချ၍၊- Ver CapítuloGarrad Bible2 အ ချင်း လူ့ သား၊ မာ ဂေါ ဂ ပြည်၊ ရော ရှ၊ မေ ရှက်၊ တု ဗ လ လူ မျိုး တို့ အ ရှင် ဂေါ ဂ မင်း ကို မျက် နှာ မူ လျက်၊ ဟော ပြော ဆင့် ဆို ရ မည် မှာ၊ Ver CapítuloJudson Bible2 အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ Ver Capítulo |
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထိုအရပ်တွင် မေရှက်အမျိုးသား၊ တုဗလအမျိုးသားနှင့် သူတို့၏ပြည်သူပြည်သားအားလုံးတို့လည်း ရှိကြ၏။ သူတို့ပတ်ပတ်လည်တွင် သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၏။ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်ကြ၏။ သူတို့သည် မြေကြီးသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့သူများ ဖြစ်ကြ၏။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးပြည်၊ ပင်လယ်အရှေ့ဘက်ခရီးသွားရာလွင်ပြင်တွင် ဂေါဂမင်းကြီးကို သင်္ဂြိုဟ်ရန် မြေနေရာပေးမည်။ ထိုနေရာတွင် ဂေါဂမင်းကြီးနှင့်သူ့လူအုပ်ကို သင်္ဂြိုဟ်ကြသဖြင့် ခရီးသွားလာသောသူတို့အတွက် လမ်းပိတ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာကို ဟာမုန်ဂေါဂချိုင့်ဟု ခေါ်ဆိုကြလိမ့်မည်။