ယေဇကျေလ 38:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီလာစေမည့်အကြောင်း ရှေးနှစ်ပေါင်းများစွာ ပရောဖက်ပြုဟောပြောခဲ့သော ငါ့အစေအပါး အစ္စရေးလူမျိုးတို့၏ပရောဖက်များအားဖြင့် သင့်ကိုရည်မှတ်၍ ရှေးယခင်ကပင် ငါမိန့်ဆိုခဲ့သည်မဟုတ်လော’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible17 နောင်အခါ၌ငါသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန်အတွက်လူတစ်ဦးကိုစေ လွှတ်မည်ဟုလွန်လေပြီးသောအခါက ပရောဖက်များမှတစ်ဆင့်ငါမြွက်ကြားရာ ၌သင့်ကိုရည်စူး၍မိန့်တော်မူကြောင်းဂေါဂ အားပြောကြားလော့၊ ထိုအချိန်ကပရော ဖက်များက ငါသည်သင့်ကိုသူတို့အား တိုက်ခိုက်စေမည်ဟုနှစ်ပေါင်းကြာရှည်စွာ ဟောပြောခဲ့သည်'' ဟုမိန့်တော်မူ၏။ ဤ ကားထာဝရဘုရားသခင်မိန့်တော်မူ သောစကားဖြစ်၏။ Ver CapítuloGarrad Bible17 ရှေး ကာ လ ကျွန် တော် ရင်း ဖြစ် သော၊ ဣ သ ရေ လ ပ ရော ဖက် တို့ အား ဖြင့်၊ ငါ ဗျာ ဒိတ် ပေး ခဲ့ သည့် အ တိုင်း ထို လူ မျိုး ကို ငါ ချီ တက် စေ မည် ဟု၊ နှစ် များ စွာ အ တွင်း၊ ဆင့် ဆို ဟော ပြော ထား သူ ကား၊ သင် လော ဟု မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။ Ver CapítuloJudson Bible17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည်ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ကျွန် ဣသရေလပရောဖက်တို့အား ငါသည် ဗျာဒိတ်ပေးသောအခါ၊ သင့်ကိုရည်မှတ်သည်မဟုတ်လော။ Ver Capítulo |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။