ယေဇကျေလ 37:10 - မြန်မာ့စံမီသမ္မာကျမ်း10 ငါကလည်း ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပရောဖက်ပြုဟောပြောရာ အသက်လေသည် သူတို့အထဲသို့ဝင်၍ သူတို့သည် အသက်ရှင်လာကာ မတ်တတ်ရပ်ကြလျက် အလွန်များပြားသောစစ်သည်အလုံးအရင်း ဖြစ်လေ၏။ Ver CapítuloCommon Language Bible10 ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူ သည်အတိုင်းဟောပြော၏။ ထိုအခါလူ သေအလောင်းတို့သည်ထွက်သက်ဝင်သက် လေကိုရရှိကာအသက်ရှင်လာပြီးလျှင် မတ်တတ်ရပ်ကြကုန်၏။ ထိုသူတို့သည် တပ်မတော်ကြီးဖွဲ့စည်းလောက်အောင် များပြားသတည်း။ Ver CapítuloGarrad Bible10 မှာ တော် မူ သည့် အ တိုင်း ငါ ဟော ပြော ရာ၊ လေ ဝင် သော ထို သူ တို့ သည် အ သက် ရှင်၍၊ အ လွန် မြောက် မြား သော အ လုံး အ ရင်း အ ဖြစ်၊ ခြေ စုံ ရပ် နေ ကြ ၏။ Ver CapítuloJudson Bible10 မှာထားတော်မူသည်အတိုင်း ငါသည်ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။ Ver Capítulo |