ယေဇကျေလ 36:4 - မြန်မာ့စံမီသမ္မာကျမ်း4 အို အစ္စရေးတောင်တန်း၊ ဘုရားရှင်ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများ၊ လူသူကင်းမဲ့သောမြို့ပျက်များ၊ ဝန်းကျင်ရှိ အခြားတိုင်းပြည်တို့၏လုယူဖျက်ဆီးခြင်း၊ အထင်အမြင်သေးခြင်းခံရသောမြို့များအား ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ Ver CapítuloCommon Language Bible4 သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။ Ver CapítuloJudson Bible4 အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တစ်ပါးအမျိုးသား အကျန်အကြွင်းတို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသောမြို့တို့အား မိန့်တော်မူသည်ကား၊ Ver Capítulo |