ယေဇကျေလ 36:32 - မြန်မာ့စံမီသမ္မာကျမ်း32 ဤသို့ ငါပြုခြင်းသည် သင်တို့အဖို့မဟုတ်။ အို အစ္စရေးအမျိုး၊ သင်တို့၏အပြုအမူအကျင့်အကြံများကြောင့် သင်တို့အရှက်ခွဲခံရမည်၊ အသရေဖျက်ခံရမည်ကို သင်တို့သိမှတ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ Ver CapítuloCommon Language Bible32 ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible32 အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ထောက် ထား၍ ထို သို့ ငါ မ စီ ရင် ကြောင်း၊ သိ မှတ် ကြ လော့။ ကိုယ့် အ လေ့ အ လာ များ အ တွက် ကျိုး ယုတ်၍ ရှက် ကွဲ ကြ လော့ ဟု မိန့် တော် မူ ကြောင်း၊ Ver CapítuloJudson Bible32 သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်ဟု သိမှတ်ကြလော့။ အို ဣသရေလအမျိုး၊ ကိုယ်ပြုမိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်းမောတွေဝေလျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။