ယေဇကျေလ 36:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့ဖြစ်၍ အစ္စရေးအမျိုးအား ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးတို့၊ ယခု ငါပြုသောအမှုသည် သင်တို့အတွက်မဟုတ်။ သင်တို့ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် သင်တို့ရှုတ်ချသော ငါ၏သန့်ရှင်းမြင့်မြတ်သောနာမအတွက်ဖြစ်၏’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible22 ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ယခုငါပြုမည့်အမှုသည်အသင်ဣသ ရေလအမျိုးသားတို့အတွက်ကြောင့်မဟုတ် ဘဲ ရောက်လေရာရာအရပ်တွင်သင်တို့အသ ရေဖျက်ခဲ့သည့်ငါ၏သန့်ရှင်းမြင့်မြတ်သော နာမတော်အတွက်ကြောင့်ဖြစ်၏။- Ver CapítuloGarrad Bible22 ဣ သ ရေ လ အ မျိုး သား တို့ အား သင် ဆင့် ဆို ရ မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို မ ထောက် ထား ဘဲ၊ သွား ရောက် ရာ လူ မျိုး ခြား တို့ ရှေ့ သင် တို့ ရှုတ် ချ ပြီး၊ သန့် ရှင်း သော နာ မ တော် ကို သာ ထောက် ထား လျက် ငါ စီ ရင် မည့် နည်း ဟူ မူ ကား၊ Ver CapítuloJudson Bible22 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။ Ver Capítulo |
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။