ယေဇကျေလ 36:19 - မြန်မာ့စံမီသမ္မာကျမ်း19 ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေပြီ။ သူတို့၏အပြုအမူအကျင့်အကြံအတိုင်း သူတို့ကို ငါစီရင်ပြီ။ Ver CapítuloCommon Language Bible19 သူတို့နေထိုင်ကျင့်ကြံသည့်အတိုင်းသူတို့ အားပြစ်ဒဏ်ချမှတ်ကာ နိုင်ငံတကာသို့ကွဲ လွင့်စေ၍နိုင်ငံရပ်ခြားများသို့ပျံ့လွင့် စေခဲ့၏။- Ver CapítuloGarrad Bible19 အ လေ့ အ လာ အ ပြု အ မူ များ အ လျောက် တ ရား စီ ရင်၍၊ လူ အ မျိုး မျိုး အ ပြည် ပြည် တွင် အ နှံ့ အ ပြား ကွဲ လွင့် စေ ခဲ့ လေ ပြီ။ Ver CapítuloJudson Bible19 အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပျံ့လွင့်စေပြီ။ သူတို့ ကျင့်ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။ Ver Capítulo |
အစ္စရေးအမျိုးသားတို့သည် သူတို့ပြုသောအပြစ်ကြောင့် ဖမ်းခေါ်သွားခြင်းခံရကြောင်း လူမျိုးတကာတို့ သိရကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ငါ့အပေါ်သစ္စာမဲ့၍ ငါသည် သူတို့ထံမှမျက်နှာလွှဲသဖြင့် သူတို့ကို ရန်သူတို့လက်သို့ အပ်လိုက်၍ သူတို့အားလုံး ရန်သူ့ဓားကြောင့် သေဆုံးရကြ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။