ယေဇကျေလ 33:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ Ver CapítuloCommon Language Bible11 ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။ Ver CapítuloGarrad Bible11 အ ရှင် ထာ ဝ ရ ဘု ရား က၊ လူ ဆိုး သေ ဒဏ် ခံ ရ သည် ကို ငါ မ နှစ် သက်၊ ကိုယ့် အ လေ့ အ လာ မှ လူ ဆိုး ကြဉ် ရှောင်၍၊ အ သက် ချမ်း သာ ရ သည် ကို ငါ နှစ် သက်၏။ အို ဣ သ ရေ လ အ မျိုး သား တို့၊ သေ ဒဏ် ကို အ ဘယ့် ကြောင့် ခံ ကြ မည် နည်း။ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် လျက်၊ ပြန် လာ ကြ လော့ ဟု၊ အ သက် တော် ကို တိုင် တည်၍ မိန့် တော် မူ ကြောင်း ဆင့် ဆို ရ မည်။ Ver CapítuloJudson Bible11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည် မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အို ဣသရေလအမျိုးသားတို့၊ သင်တို့လိုက်သော လမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။ Ver Capítulo |
ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။