ယေဇကျေလ 32:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုအရပ်တွင် အဆီးရီးယားဘုရင်နှင့် သူ၏ပြည်သူပြည်သားအားလုံးရှိ၏။ ဘုရင်၏ပတ်ပတ်လည်တွင် သူ့လူတို့၏သင်္ချိုင်းဂူများ ဝိုင်းရံထားလျက်ရှိ၏။ သူတို့အားလုံး ဓားဖြင့်အသတ်ခံရ၍ သေဆုံးသွားသောသူများဖြစ်၏။ Ver CapítuloCommon Language Bible22 ``အာရှုရိသည်မိမိစစ်သူရဲတို့၏သင်္ချိုင်း များခြံရံလျက်ထိုအရပ်တွင်ရှိ၏။ သူတို့ အားလုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများ ဖြစ်ကြ၏။- Ver CapítuloGarrad Bible22 အာ ရှု ရိ မင်း သည်၊ ဓား ဖြင့် ကျ ဆုံး သေ လွန် သူ အ လုံး အ ရင်း အ ပေါင်း တို့၏ သင်္ချိုင်း ဂူ များ အ လယ် တွင်၊ ထို နိုင် ငံ၌ ရှိ ၏။ Ver CapítuloJudson Bible22 ထိုအရပ်၌ အာရှုရနှင့် သူ၏လူအလုံးအရင်းအပေါင်းလည်း ရှိကြ၏။ သူတို့သည် ဓားဖြင့်သေ၍ လဲနေလျက်၊ ပတ်လည်အရပ်ရပ်တို့၌ သူတို့သင်္ချိုင်းများရှိကြ၏။ Ver Capítulo |
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
ထိုအရပ်တွင် မေရှက်အမျိုးသား၊ တုဗလအမျိုးသားနှင့် သူတို့၏ပြည်သူပြည်သားအားလုံးတို့လည်း ရှိကြ၏။ သူတို့ပတ်ပတ်လည်တွင် သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၏။ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်ကြ၏။ သူတို့သည် မြေကြီးသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့သူများ ဖြစ်ကြ၏။