ယေဇကျေလ 31:4 - မြန်မာ့စံမီသမ္မာကျမ်း4 ရေဝသောကြောင့် အပင်မှာ ကြီးထွားလေ၏။ မြေအောက်မှစိမ့်စမ်းရေကြောင့် အပင်မှာ မြင့်မားလျက်ရှိ၏။ မြစ်ရေသည် အပင်ခြေရင်းပတ်ပတ်လည်တွင် စီးဆင်း၏။ ရေသွယ်မြောင်းများသည်လည်း တောထဲရှိအပင်များအားလုံးဆီသို့ ရောက်၏။ Ver CapítuloCommon Language Bible4 ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။ မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။ ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင် သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။ Ver CapítuloGarrad Bible4 ပျိုး ခင်း ကို ဝိုက် စီး သော ချောင်း၊ တော ပင် များ သို့ ရောက် သော မြောင်း များ ဖြင့်၊ မြစ် ကြီး သည်၊ တိုး ပွား ကြီး မြင့် စေ သည့် အ လျောက်၊ တော ပင် တ ကာ ထက် မြင့် လှ ၍၊ Ver CapítuloJudson Bible4 မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲသောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တောပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။ Ver Capítulo |