ယေဇကျေလ 31:12 - မြန်မာ့စံမီသမ္မာကျမ်း12 အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။ Ver CapítuloCommon Language Bible12 ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။- Ver CapítuloGarrad Bible12 လူ မျိုး ခြား တို့ အ နက် ကြမ်း ကြုတ် လှ သော သူ စိမ်း တို့ သည် ခုတ် လှဲ၍၊ တောင် တန်း၊ ချိုင့် ဝှမ်း ရာ ရှိ သ မျှ၌ အ ခက် အ လက် ပြို လဲ ခြင်း၊ ပြည် ရှိ သ မျှ ချောင်း များ၌ အ ကိုင်း အ ခက် ကျိုး ပြတ် ခြင်း ခံ ရ သော ထို အ ပင် ကို ပစ် ထား၍၊ မြေ ကြီး ရှိ လူ အ မျိုး မျိုး တို့ လည်း၊ အ ရိပ် မှ ခွာ လျက် စွန့် ထား ခဲ့ ကြ ပြီး လျှင်၊ Ver CapítuloJudson Bible12 ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ့ကိုခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တစ်ပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။ Ver Capítulo |