Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 30:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အာဝင်​မြို့​၊ ဖိဗေသက်​မြို့​ရှိ လုလင်ပျို​တို့​သည် ဓားဘေး​ဖြင့် ကျဆုံး​ကြ​လိမ့်မည်​။ မြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

17 အာ​ဝင်​မြို့​နှင့်​ဖိ​ဗေ​သက်​မြို့​တို့​မှ​လူ​ငယ် လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ အ​ခြား​သူ​တို့​သည်​ကား​သုံ့​ပန်း​အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

17 အာ ဝင် မြို့၊ ဖိ ဗေ သက် မြို့ ရှိ လူ ပျို တို့ သည်၊ ဓား ဖြင့် ကျ ဆုံး လျက်၊ မြို့ သူ မြို့ သား တို့ လည်း၊ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လ တ္တံ့။

Ver Capítulo Copiar

Judson Bible

17 အာ​ဝင်​မြို့၊ ဖိ​ဗေ​သက်​မြို့​သား လု​လင်​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​သ​ဖြင့်၊ မိန်း​မ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 30:17
6 Referencias Cruzadas  

ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။


ယောသပ်​သည် အီဂျစ်​ပြည်​၌ သား​မနာရှေ​နှင့်​ဧဖရိမ်​ကို​ရ​၏​။ ထို​သား​တို့​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး​အာသနတ်​က ယောသပ်​အတွက်​မွေးဖွား​ပေး​၏​။


အီဂျစ်​ပြည်​ရှိ ဗက်ရှေမက်​မြို့​၏​အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို​လည်း ချိုးဖျက်​လိမ့်မည်​။ အီဂျစ်​နတ်ဘုရား​ကျောင်း​များ​ကို​လည်း မီး​ရှို့​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


အီဂျစ်​ပြည်​ကို မီးရှို့​ပစ်​လိုက်​သောအခါ သိန်​မြို့ အလူးအလိမ့်​ခံရ​မည်​။ နော​မြို့ ပြိုပျက်​သွား​မည်​။ မင်ဖစ်​မြို့ အစဉ်​ဆင်းရဲဒုက္ခ​ခံရ​မည်​။


အီဂျစ်​ပြည်သား​တို့​ကို လူမျိုးတကာ​တို့​အလယ် အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​မည်​။


ဒမတ်စကပ်​မြို့​၏​ကန့်လန့်ကျင်​ကို ချိုးဖျက်​ပစ်​မည်​။ အာဝင်​ချိုင့်​သား​တို့​နှင့် ဗေသေဒင်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို သုတ်သင်​ပစ်​မည်​။ အာရံ​ပြည်သား​တို့​ကို ကိရ​ပြည်​သို့​ဖမ်းခေါ်​သွား​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos