ယေဇကျေလ 30:12 - မြန်မာ့စံမီသမ္မာကျမ်း12 မြစ်ချောင်းများကို ခန်းခြောက်စေမည်။ ပြည်ကို လူဆိုးတို့လက်သို့ အပ်လိုက်မည်။ တစ်ပါးအမျိုးသားတို့လက်ချက်ဖြင့် ပြည်တစ်ပြည်လုံးကို ဖျက်ဆီးပစ်မည်ဟု ငါထာဝရဘုရား မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible12 ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။ Ver CapítuloGarrad Bible12 ငါ လည်း မြစ် လက် ကြား များ ကို ခန်း ခြောက် စေ လျက်၊ လူ ဆိုး တို့ အား မြေ ကို ရောင်း ချ လျက်၊ နေ ပြည် နှင့် ရှိ ရှိ သ မျှ ပါ၊ သူ စိမ်း တို့ လက် ဖြင့် ဆိတ် ညံ ရာ ရောက် စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Ver CapítuloJudson Bible12 မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကိုရောင်းလိုက်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့လက်ဖြင့် ပြည်နှင့်တကွ ပြည်၌ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရားပြောပြီ။ Ver Capítulo |
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။