Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 3:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သင်​နား​မ​လည်​နိုင်​သည့် ခက်ခဲ​သော​စကား​၊ ထူးဆန်း​သော​စကား​ကို ပြောဆို​သည့်​လူမျိုး​တို့​ထံသို့ သင့်​ကို​စေလွှတ်​သည်​မ​ဟုတ်​။ အကယ်၍ ထို​လူမျိုး​တို့​ထံသို့ စေလွှတ်​မည်​ဆို​လျှင် သင့်​စကား​ကို သူ​တို့​နားထောင်​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

6 မ​ရေ​ရာ​သော​စ​ကား​နှင့်​သင်​နား​လည်​ရန် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​များ​ကို ပြော​ဆို​သူ​လူ​မျိုး​များ​ထံ​သို့​သင့်​အား​ငါ စေ​လွှတ်​ခြင်း​မ​ဟုတ်။ အ​ကယ်​၍​စေ​လွှတ်​ပါ​မူ ထို​သူ​တို့​သည်​သင်​၏​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

6 မ ကြား လောက် အောင် နက် သော အ သံ၊ ခက် သော စ ကား ကို သုံး သော လူ မျိုး တို့ အား အ ကယ်၍ ငါ စေ လွှတ် လျှင်၊ မု ချ နား ထောင် ကြ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

6 သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော​စ​ကား၊ အ​လျှင်း​နား​မ​လည်​နိုင်​သော စ​ကား​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့ ရှိ​ရာ​သို့ စေ​လွှတ်​သည်​မ​ဟုတ်။ အ​ကယ်၍ ထို​သို့​သော သူ​တို့​ရှိ​ရာ​သို့​စေ​လွှတ်​လျှင်၊ သင့်​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 3:6
9 Referencias Cruzadas  

နားမလည်​နိုင်​အောင် ထူးဆန်း​သော​ဘာသာစကား​ပြောဆို​သော​၊ နား​မ​လည်​နိုင်​အောင် မပီမသ​စကား​ပြောဆို​သော ရိုင်းစိုင်း​သည့်​လူမျိုး​ကို သင်​တွေ့​ရ​တော့​မည်​မ​ဟုတ်​။


သင်​မသိ​သော​ဘာသာစကား​၊ သင်​နားမလည်​သော​ဘာသာစကား​ကို ပြောဆို​သော​လူမျိုး​ထံသို့ သင့်​ကို​ငါ​စေလွှတ်​သည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​ထံသို့ စေလွှတ်​ခြင်း​ဖြစ်​၏​။


ယခုမူ အစ္စရေး​လူမျိုး​တို့​သည် ငါ့​စကား​ကို နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​သောကြောင့် သင့်​စကား​ကို​လည်း နားထောင်​လို​သော​ဆန္ဒ​ရှိ​မည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​တို့​သည် ခေါင်းမာသူ​၊ စိတ်နှလုံး​မာကျော​သူ​များ ဖြစ်​ကြ​၏​။


ရေ​ကို​တိုင်း​ကြည့်​ရာ အလံ​နှစ်ဆယ်​နက်​ကြောင်း​တွေ့​ကြ​၏။ ထို့နောက် အနည်းငယ်​ဆက်သွား​၍ ပြန်​တိုင်း​ကြည့်​ရာ တစ်ဆယ့်ငါး​လံ​နက်​သည်​ကို​တွေ့​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos