ယေဇကျေလ 29:13 - မြန်မာ့စံမီသမ္မာကျမ်း13 သို့သော် ဘုရားရှင်ထာဝရဘုရားက ‘အနှစ်လေးဆယ်ပြည့်သောအခါ ငါသည် အီဂျစ်ပြည်သားတို့ကို ကွဲလွင့်ရာအရပ်ရပ် လူမျိုးတကာတို့ထံမှ ပြန်စုဝေးစေမည်။ Ver CapítuloCommon Language Bible13 အရှင်ထာဝရဘုရားက``အနှစ်လေးဆယ် ကြာသောအခါ အီဂျစ်ပြည်သားတို့အား ငါပျံ့နှံ့စေရာအရပ်များမှပြန်လည် ခေါ်ဆောင်ကာ၊- Ver CapítuloGarrad Bible13 ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ အ နှစ် လေး ဆယ် စေ့ ပြီး မှ၊ ငါ သည် ကွဲ လွင့် လျက် နေ ရာ လူ အ မျိုး မျိုး မှ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို စု သိမ်း လျက်၊ Ver CapítuloJudson Bible13 သို့ရာတွင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက်နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေးစေမည်။ Ver Capítulo |