ယေဇကျေလ 28:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင့်ဉာဏ်ပညာ၊ သင့်ထိုးထွင်းဉာဏ်ဖြင့် ဥစ္စာပစ္စည်း၊ ရွှေငွေရတနာတို့ကို ရှာဖွေသိုမှီးနိုင်ပြီ။ Ver CapítuloCommon Language Bible4 သင်သည်အသိပညာ၊ အတတ်ပညာဖြင့် ရွှေ၊ ငွေဘဏ္ဍာပေါများကြွယ်ဝလာ၏။- Ver CapítuloGarrad Bible4 ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ကြောင့် ကြွယ် ဝ လျက်၊ ဘ ဏ္ဍာ တိုက် တွင် ရွှေ ငွေ ပြည့် ခြင်း၊ Ver CapítuloJudson Bible4 ကိုယ်ဉာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။ Ver Capítulo |
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။