ယေဇကျေလ 27:11 - မြန်မာ့စံမီသမ္မာကျမ်း11 အာဝဒ်အမျိုးသားတို့နှင့် သင်၏စစ်သည်တို့သည် သင့်မြို့ရိုးများတွင် ပတ်လည်ဝိုင်းထားကြ၏။ စစ်သူရဲတို့သည် မျှော်စင်များပေါ်တွင် စောင့်ကြပ်ပေးနေ၏။ သူတို့သည် ဒိုင်းလွှားများကို မြို့ရိုးပတ်ပတ်လည်တွင် ချိတ်ဆွဲထားကြ၏။ သူတို့သည် သင်၏အလှတရားကို စုံလင်စေကြ၏။ Ver CapítuloCommon Language Bible11 အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။ Ver CapítuloGarrad Bible11 ဗိုလ် ထု အ ပါ အာ ဝဒ် မြို့ သား တို့ သည်၊ ပတ် လည် နံ ယပ် ပေါ် တွင် လည်း ကောင်း၊ ဂ မ္မ မြို့ သား တို့ သည် ရဲ ခို များ တွင် လည်း ကောင်း၊ နေ လျက်၊ နံ ယပ် ပတ် လည်၌ ဒိုင်း လွှား များ ကို ဆွဲ ထား သ ဖြင့်၊ သင့် အ ဆင်း လှ ခြင်း ကို စုံ လင် စေ ကြ ပြီ။ Ver CapítuloJudson Bible11 အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေကြ၏။ Ver Capítulo |