ယေဇကျေလ 23:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။ Ver CapítuloCommon Language Bible24 သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။- Ver CapítuloGarrad Bible24 ရ ထား တပ်၊ လှည်း တပ်၊ အ လုံး အ ရင်း ပါ၊ လက် နက် ဆောင် လျက် ချီ တက် သည့် ပြင်၊ ဒိုင်း ရှည်၊ ဒိုင်း ဝန်း၊ မောက် ရူ ဆောင်း ကိုင် လျက် ဝန်း ဝိုင်း စွဲ ရပ် ကြ သော်၊ တ ရား မှု ကို ငါ လွှဲ အပ် သည် နှင့် အ ညီ၊ ကိုယ့် ဓ မ္မ သတ် အ တိုင်း သင့် ကို ဆုံး ဖြတ် ကြ လိမ့် မည်။ Ver CapítuloJudson Bible24 စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့်တကွ လာ၍ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရားစီရင်သောအခွင့်ကို သူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။ Ver Capítulo |