Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 23:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့ကြောင့် အို အဟောလိဗ​၊ ဘုရားရှင်​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ သင်​စွန့်ထား​ခဲ့​သော သင့်​ချစ်သူ​များ​ကို ငါ​နှိုးဆွ​မည်​။ သင့်​ကို​ဝိုင်းဝန်း​တိုက်ခိုက်​ရန်

Ver Capítulo Copiar

Common Language Bible

22 ``သို့​ဖြစ်​၍​အ​ချင်း​အ​ဟော​လိ​ဗ၊ သင့်​အား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင် သည်​ဤ​ချစ်​သူ​တို့​ကို​ငြီး​ငွေ့​သွား​ပြီ​ဖြစ်​သော် လည်း ငါ​သည်​သူ​တို့​အား​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့ သည်​သင့်​ကို​အ​မျက်​ထွက်​၍​ဝိုင်း​ရံ​ထား​ကြ လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

22-23 သို့ ဖြစ်၍၊ အို အ ဟော လိ ဗ၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဗာ ဗု လုန် လူ မျိုး၊ ခါ လ ဒဲ လူ မျိုး၊ ပေ ကုတ် လူ မျိုး၊ ရှော့ လူ မျိုး၊ ကော့ လူ မျိုး၊ အာ ရှု ရိ လူ မျိုး တည်း ဟူ သော မြင်း စီး သူ ရဲ၊ နှစ် သက် ဖွယ် လူ ပျို၊ မြို့ ဝန်၊ မြို့ စား၊ ဗိုလ် မင်း၊ မင်း တိုင် ပင် ဖြစ် သူ၊ ခင် မင် ဖူး လျက် သင် မေ တ္တာ ကုန် သူ တို့ ကို၊ ငါ ဆော် သြ လျက်၊ အ ရပ် ရပ် မှ လာ ရောက် စေ သည့် အ တိုင်း၊

Ver Capítulo Copiar

Judson Bible

22 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​ရွံ​ရှာ​သော​ရည်း​စား​တို့​ကို ငါ​ထ​စေ​ပြီး​လျှင်၊ အ​ရပ်​ရပ်​တို့​က​လာ၍ တိုက်​စေ​မည်။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 23:22
11 Referencias Cruzadas  

သင့်​ကို​သာယာမှု​ပေး​သော သင့်​ချစ်သူ​များ​မှစ၍ သင်​မုန်းတီး​သော​သူ​များ​အားလုံး​ကို အရပ်ရပ်​မှ​စုရုံး​စေ​ပြီးလျှင် သင့်​ကို​ဆန့်ကျင်​စေ​မည်​။ သူ​တို့​အား သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ငါ​ပြ​မည်​။ သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​ခြင်း​ကို သူ​တို့​မြင်​ရ​လိမ့်မည်​။


ဤသို့ သင်​သည် အီဂျစ်​ပြည်​တွင် အပျိုစင်​သားမြတ်​ကို အပွတ်သပ်​ခံ​ခဲ့​၍ အပျိုဖြန်းဘဝ​က​ပြု​ခဲ့​သော ညစ်ညမ်းမှု​ကို​သာ သင်​တမ်းတ​နေ​၏​။


ဘေဘီလုံ​ပြည်​ရှိ ခါလဒဲ​လူမျိုး​များ​မှစ၍​၊ ပေကုပ်​လူမျိုး​၊ ရှော​လူမျိုး​၊ ကော​လူမျိုး​တို့​နှင့်တကွ သူ​တို့​နှင့်အတူ​နေထိုင်​သော အဆီးရီးယား​လူမျိုး​များ စသည့် ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ စစ်ဗိုလ်​များ​၊ နာမည်​ကျော်ကြား​သော​တပ်မှူး​များ​၊ မြင်းစီးသူရဲ​များ​အားလုံး​တို့​ကို ငါ​ခေါ်လာ​မည်​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​မုန်းတီး​သော​သူ​တို့​လက်​သို့​၊ သင်​စွန့်ပစ်​သွား​ခဲ့​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​မည်​။


ထို့ကြောင့် သူ​ချစ်​သော​သူ​တို့​လက်​သို့​၊ သူ​တပ်မက်​သော အဆီးရီးယား​လူ​တို့​လက်​သို့ သူ့​ကို​ငါ​အပ်​လိုက်​ပြီ​။


သင်​မြင်​ရ​သော ဦးချို​ဆယ်​ချောင်း​နှင့် သားရဲ​တို့​သည် ထို​ပြည့်တန်ဆာ​ကို​မုန်း​၍ သူ့​ကို​လုံးလုံး​ပျက်စီး​စေ​ကာ အဝတ်မပါ​အချည်းစည်း​ဖြစ်​စေ​ကြ​လိမ့်မည်။ သူ​၏​အသား​ကို​လည်း​ကိုက်စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos