ယေဇကျေလ 22:22 - မြန်မာ့စံမီသမ္မာကျမ်း22 ငွေသည် မီးပြင်းဖိုထဲ၌ အရည်ပျော်ရသကဲ့သို့ သင်တို့သည်လည်း ထိုမီးထဲတွင် အရည်ပျော်ရလိမ့်မည်။ ထိုအခါ ငါထာဝရဘုရားသည် သင်တို့အပေါ် အမျက်တော်သွန်ချတော်မူကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible22 ငွေသည်ဖိုထဲတွင်အရည်ပျော်ရသည့်နည်းတူ သူတို့သည်ယေရုရှလင်မြို့တွင်အရည်ပျော် ကြလိမ့်မည်။ ထိုအခါမိမိတို့သည်ထာဝရ ဘုရား၏အမျက်တော်ဒဏ်ကိုခံလျက်ရှိနေ ရကြကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible22 မိုက် လုံ တွင် ငွေ အ ရည် ပျော် သည့် နည်း တူ၊ သင် တို့ လည်း ထို မြို့ တွင် အ ရည် ပျော် လျက်၊ အ မျက် တော် ကို ငါ ထာ ဝ ရ ဘု ရား သွန်း လောင်း ခဲ့ ကြောင်း၊ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။ Ver CapítuloJudson Bible22 ငွေကို မိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရသဖြင့်၊ ငါထာဝရဘုရားသည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။