ယေဇကျေလ 21:3 - မြန်မာ့စံမီသမ္မာကျမ်း3 အစ္စရေးပြည်အား ‘ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင့်ကို ဆန့်ကျင်မည်။ ဓားအိမ်ထဲမှဓားကို ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် သုတ်သင်ပစ်မည်။ Ver CapítuloCommon Language Bible3 လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊- Ver CapítuloGarrad Bible3 ငါ သည် သင့် တစ် ဖက် ၌ နေ လျက်၊ ဓား တော် ကို ချွတ်၍၊ မ သူ တော် ကို၊ သူ တော် ကောင်း ပါ၊ ပယ် ရှား လိမ့် မည်။ Ver CapítuloJudson Bible3 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလပြည်အားဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကိုရန်ဘက်ပြုလျက်၊ ငါ့ဓားကိုဓားအိမ်မှထုတ်၍၊ သင်၌တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။ Ver Capítulo |
ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။