Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 21:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 “​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​၏​ဓား​သွား​မည့်​လမ်း​နှစ်​လမ်း​ကို မှတ်သား​လော့​။ ထို​လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲမှ အစပြု​၍​ထွက်လာ​သော​လမ်း​ဖြစ်​၏​။ မြို့​ထဲသို့​သွား​သော​လမ်းခွ​၌ အမှတ်အသား​လုပ်​ထား​လော့​။

Ver Capítulo Copiar

Common Language Bible

19 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​မင်း တိုက်​ခိုက်​ရန်​ဋ္ဌား​ကို​ကိုင်​၍ လာ​နိုင်​သည့်​လမ်း နှစ်​လမ်း​ကို​မှတ်​သား​လော့။ ထို​လမ်း​နှစ်​လမ်း စ​လုံး​ပင်​တိုင်း​ပြည်​တစ်​ခု​တည်း​မှ​အ​စ ပြု​ရ​မည်။ ထို​မြို့​သို့​ခွဲ​သွား​သည့်​လမ်း​ခွ တွင်​မှတ်​တိုင်​များ​စိုက်​ထား​လော့။-

Ver Capítulo Copiar

Garrad Bible

19 အ ချင်း လူ့ သား၊ ဗာ ဗု လုန် ဘု ရင်၏ ဓား တက် ရောက် နိုင် စေ ရန်၊ တစ် ပြည် တည်း မှ ပေါက် ရောက် သော လမ်း နှစ် သွယ် ကို ပုံ ရေး လျက်၊ မြို့ ဝင် လမ်း ဆုံ၌ မော် ကွန်း တိုင် စိုက် ထိုး လျက်၊

Ver Capítulo Copiar

Judson Bible

19 အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဓား​သွား​ရာ​လမ်း​နှစ်​လမ်း​ကို မှတ်​သား​လော့။ လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲ​က ထွက်​ရ​မည်။ မြို့​သို့​သွား​သော လမ်း​ခွ၌ အ​ရပ်​တစ်​ခု​ကို ရွေး​လော့။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 21:19
9 Referencias Cruzadas  

လူမျိုးခြား​များ​နှင့် တိုင်းနိုင်ငံ​များ​ကို နုတ်ပယ်​ဖြိုချ​ရန်​၊ ဖျက်ဆီး​မှောက်လှန်​ရန်​၊ တည်ထောင်​ပြုစု​ရန် ယနေ့ သင့်​အား ငါ​ခန့်ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ဓား​ကို သွေး​သူ​လက်​သို့ အပ်​လိုက်​လေ​ပြီ​။ သူ​သည် ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး လူသတ်​လက်​သို့ အပ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် သူ​တို့ စိတ်ပျက်အားလျော့​ကြ​လိမ့်မည်​။ လူသတ်​သော​ဓား​ကို​မြို့​တံခါး​ရှိသမျှ​၌ ငါ​ချထား​ပြီ​။ အတုံးအရုံး​လဲကျသေဆုံး​ကြ​ရ​လိမ့်မည်​။ လျှပ်စီး​ကဲ့သို့ ဝင်းလက်​အောင် သွေး​ထား​သော လူသတ်​မည့်​ဓား ပါတကား​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင့်​အလယ်​တွင် မတရား​အကျိုးစီးပွား​ရှာ​သော​အပြစ်​၊ လူ​အသက်သတ်​သော​အပြစ်​ကြောင့် သင့်​ကို ငါ​ဒဏ်ခတ်​မည်​။


ဘေဘီလုံ​ပြည်​ရှိ ခါလဒဲ​လူမျိုး​များ​မှစ၍​၊ ပေကုပ်​လူမျိုး​၊ ရှော​လူမျိုး​၊ ကော​လူမျိုး​တို့​နှင့်တကွ သူ​တို့​နှင့်အတူ​နေထိုင်​သော အဆီးရီးယား​လူမျိုး​များ စသည့် ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ စစ်ဗိုလ်​များ​၊ နာမည်​ကျော်ကြား​သော​တပ်မှူး​များ​၊ မြင်းစီးသူရဲ​များ​အားလုံး​တို့​ကို ငါ​ခေါ်လာ​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် လက်ခုပ်တီး​လျက်​၊ ခြေ​ကို​ဆောင့်​လျက် အလို​၊ အစ္စရေး​အမျိုးအနွယ်​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​တော့​မည်​ဟု ဆို​လော့​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos