ယေဇကျေလ 20:49 - မြန်မာ့စံမီသမ္မာကျမ်း49 ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။ Ver CapítuloCommon Language Bible49 ငါက``အရှင်ထာဝရဘုရားကျွန်တော်မျိုး သည်စကားထာများသာပြောဆိုနေခြင်း ဖြစ်သည်ဟု လူအပေါင်းတို့ပြောဆိုနေ ကြပါသည်'' ဟုလျှောက်ထား၏။ Ver CapítuloGarrad Bible49 ငါ က၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ပုံ ဆောင် တတ် သူ တည်း ဟု၊ အ ကျွန်ုပ် အား ရည် လျက် ဆို လေ့ ရှိ ကြ သည် တ ကား ဟူ၍ ပြန် လျှောက် လေ၏။ Ver CapítuloJudson Bible49 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည် ပုံပမာကိုသာဆောင်၍ ဟောပြောတတ်သည်မဟုတ်လောဟု၊ အကျွန်ုပ်ကိုရည်မှတ်၍ ဆိုတတ်ကြပါသည်ဟု လျှောက်လေ၏။ Ver Capítulo |
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။