ယေဇကျေလ 20:34 - မြန်မာ့စံမီသမ္မာကျမ်း34 ငါသည် အမျက်တော်ကိုသွန်ချ၍ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်ဖြင့် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်၊ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ ပြန်လည်စုစည်းမည်။ Ver CapítuloCommon Language Bible34 သင်တို့ကိုနိုင်ငံအသီးသီး၊ ကွဲလွင့်လျက် နေရာအတိုင်းတိုင်းအပြည်ပြည်မှပြန် လည်ခေါ်ယူစုသိမ်းချိန်၌ သင်တို့အားငါ ၏ခွန်အားကြီးသောလက်ရုံးတော်ဖြင့် တန် ခိုးအာဏာရှိသမျှနှင့်လက်တော်ကို ဆန့်လျက်အမျက်တော်ကိုပြမည်။- Ver CapítuloGarrad Bible34 အ မျက် တော် ကို သွန်း လောင်း လျက်၊ အား ကြီး သော လက် ရုံး တော် ကို ဆန့် တန်း၍၊ လူ အ မျိုး မျိုး အ ပြည် ပြည် တွင် ကွဲ လွင့် နေ ရာ သင် တို့ ကို စု သိမ်း ထုတ် ဆောင် ပြီး လျှင်၊ Ver CapítuloJudson Bible34 သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ကို အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်နှင့် ငါဆောင်ခဲ့၍ စုဝေးစေမည်။ Ver Capítulo |
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။