Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 19:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုအခါ ဝန်းကျင်​ရှိ​တိုင်းနိုင်ငံ​များ​မှ လူမျိုး​တို့​သည် သူ့​ကို​လာ​တိုက်ခိုက်​ကြ​၏​။ သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​၏​။ သူ​သည် ထောင်ချောက်တွင်း​ထဲသို့ ကျ​လေ​ပြီ​။

Ver Capítulo Copiar

Common Language Bible

8 ထို​အ​ခါ​အ​ရပ်​ရပ်​သူ​၏​ပတ်​ဝန်း​ကျင်​မှ လူ​မျိုး​တ​ကာ​တို့​သည်​စု​ရုံး​လာ​ကြ​လျက်၊ သူ့​အား​မု​ဆိုး​ပိုက်​ကွန်​များ​ဖြင့်​တွင်း​ထဲ​သို့ ထောင်​ဖမ်း​ကြ​၏။

Ver Capítulo Copiar

Garrad Bible

8 ထို အ ခါ၊ ပတ် ဝန်း ကျင် ပြည် နယ် ရှိ လူ မျိုး ခြား တို့ သည် လိုက် လံ၍၊ ပိုက် ကွန် ဖြန့် ချ လျက် တွင်း ကျ ထောင် ဖမ်း သော ထို ခြင်္သေ့ ကို လည်း၊

Ver Capítulo Copiar

Judson Bible

8 ထို​အ​ခါ လူ​မျိုး​တို့​သည် ကျေး​လက်​အ​ရပ်​ရပ်​တို့​က တိုက်​လာ၍ ပိုက်​ကွန်​နှင့်​ဝိုင်း​ပြီး​လျှင်၊ မြေ​တွင်း၌ ဖမ်း​ကြ၏။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 19:8
8 Referencias Cruzadas  

မင်းမှုထမ်း​များ မြို့​ကို​ဝိုင်းရံ​ထား​စဉ် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် စစ်ချီ​လာ​၍ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။


မြည်း​ကို​သင်္ဂြိုဟ်​သကဲ့သို့ သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​တံခါး​အပြင်ဘက်​သို့ ဆွဲထုတ်​၍ ပစ်ထား​ကြ​လိမ့်မည်​။


ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။


ထို​မင်း​ကို ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်​သော်လည်း ထို​မြို့​ကို သူ​မြင်​ခွင့်​ရ​မည်​မ​ဟုတ်​။ ထို​မြို့​တွင်ပင် သူ​သေ​ရ​လိမ့်မည်​။


ငါ​သည် သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ဘေဘီလုံ​ပြည်​သို့​ခေါ်ဆောင်​သွား​မည်​။ သူ​သည် ဖောက်ပြန်​၍ ငါ့​ကို​ပြစ်မှား​သောကြောင့် ထို​အရပ်​၌​ပင် သူ့​ကို ငါ​စစ်ကြောစီရင်​မည်​။


သူ့​အကြောင်း​ကို​ကြား​သော လူမျိုးခြား​တို့​သည် သူ့​ကို​တွင်း​နှင့်​ထောင်ဖမ်း​ပြီး ကြိုးကွင်းစွပ်​၍ အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။


လူ​တို့​၏​ခံတပ်​တို့​ကို​ဖြိုဖျက်​၍ မြို့​တို့​ကို တိတ်ဆိတ်​ခြောက်ကပ်​စေ​၏​။ သူ​၏​ဟိန်းဟောက်သံ​ကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချား​ကုန်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos