ယေဇကျေလ 18:28 - မြန်မာ့စံမီသမ္မာကျမ်း28 သူကျူးလွန်မိသောအပြစ်များကိုသိမြင်လာပြီး နောင်တရသောကြောင့် သူသည် အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်၊ သေရမည်မဟုတ်။ Ver CapítuloCommon Language Bible28 သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။- Ver CapítuloGarrad Bible28 ပြု ဖူး သော လွန် ကျူး မှု များ ကို စဉ်း စား လျက် ကြဉ် ရှောင် သ ဖြင့်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။ Ver CapítuloJudson Bible28 ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။ Ver Capítulo |
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ‘ဖြောင့်မတ်သောသူသည် သူအပြစ်ကျူးလွန်မိသောအခါ သူ၏ဖြောင့်မတ်ခြင်းသည် သူ့ကို ကယ်တင်မည်မဟုတ်။ ဆိုးယုတ်သောသူသည်လည်း သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်သောအခါ သူပြုခဲ့သောဆိုးယုတ်မှုသည် သူ့အား ပြိုလဲစေမည်မဟုတ်။ ဖြောင့်မတ်သောသူ အပြစ်ပြုသောအခါ အသက်ရှင်ခွင့်ရမည်မဟုတ်’ဟု ပြောကြားလော့။