ယေဇကျေလ 17:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိပ်ဖျားအညွန့်တို့ကိုချိုး၍ ကုန်သွယ်ရာပြည်သို့ ချီယူသွားပြီးလျှင် ကုန်သည်တို့မြို့၌ စိုက်ထား၏။ Ver CapítuloCommon Language Bible4 ထိပ်ဆုံးမှအညွန့်အဖျားကိုချိုးယူ၍ ရောင်း ဝယ်ဖောက်ကားသည့်နိုင်ငံသို့ယူဆောင်ကာ ကုန်သည်တို့မြို့တွင်စိုက်ပျိုး၏။- Ver CapítuloGarrad Bible4 မြင့် ရာ အ တက် များ ကို ဆိတ် ယူ၍၊ ရောင်း ဝယ် ဖောက် ကား သော ပြည် သို့ ဆောင် သွား ပြီး လျှင်၊ ကုန် သည် တို့ မြို့ တွင် ထား လေ ၏။ Ver CapítuloJudson Bible4 အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌စိုက်လေ၏။ Ver Capítulo |
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။