ယေဇကျေလ 17:22 - မြန်မာ့စံမီသမ္မာကျမ်း22 ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သစ်ကတိုးပင်ထိပ်ဖျားမှ အညွန့်ကိုခူး၍ စိုက်မည်။ အညွန့်နုနုကိုခူး၍ မြင့်မားလှသောတောင်ပေါ်မှာစိုက်မည်။ Ver CapítuloCommon Language Bible22 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ``ငါသည်အာရစ်ပင်မြင့်၏ထိပ်ဖျားကိုင်းကို ယူ၍စိုက်မည်။ အခက်နုကိုချိုးပြီးနောက်အလွန်မြင့်သော တောင်မြင့်ပေါ်မှာစိုက်မည်။ Ver CapítuloGarrad Bible22 ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ငါ သည် သစ် က တိုး ပင်၏ မြင့် ရာ ခေါင် ညွန့် နှင့်၊ အ တက် များ အ နက် နု သော တစ် ညွန့် ကို ဆိတ် ယူ၍ မြင့် လှ စွာ တောင်၊ Ver CapítuloJudson Bible22 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သောအာရဇ်ပင်၌ အမြင့်ဆုံးသောအညွန့်ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာ ငါစိုက်ပျိုးမည်။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။