ယေဇကျေလ 16:48 - မြန်မာ့စံမီသမ္မာကျမ်း48 အသက်ရှင်တော်မူသော ငါဘုရားရှင်ထာဝရဘုရားက ‘သင်၏ညီမသောဒုံနှင့်သူ့သမီးတို့သည် သင်နှင့်သင်၏သမီးတို့ပြုသကဲ့သို့ မပြုကြ။ Ver CapítuloCommon Language Bible48 အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်၏ညီမသောဒုံမြို့နှင့်သူ့သမီး တို့သည် သင်နှင့်သင့်သမီးများပြုကျင့်ခဲ့ သည့်ဆိုးညစ်မှုမျိုးကိုအဘယ်အခါက မျှမပြုမကျင့်ခဲ့ကြ။- Ver CapítuloGarrad Bible48 အ သက် တော် ကို တိုင် တည်၍ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင် နှင့် သ မီး တို့ ပြု ခဲ့ ကြ သည့် နည်း တူ ညီ မ ဖြစ် သူ သော ဒုံ နှင့် သ မီး တို့ မ ပြု ကြ ချေ။ Ver CapítuloJudson Bible48 ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ်သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့် သူ၏သမီးတို့သည် မပြုကြ။ Ver Capítulo |
ညီအစ်မတို့ကို ထောက်ခံသောသင်သည် အသရေပျက်ရလိမ့်မည်။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောကြောင့် သူတို့က သင့်ထက်ဖြောင့်မတ်သည်ဟုထင်ရ၏။ သင်သည် သင့်ညီအစ်မတို့ကို ဖြောင့်မတ်သည်ဟု ထင်စရာဖြစ်စေသောကြောင့် အရှက်ခွဲခြင်းကို ခံလော့။ အသရေပျက်ခြင်းကို ခံယူလော့’ဟု မိန့်တော်မူ၏။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။