Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 16:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 သူ​တို့​သည် လူအုပ်ကြီး​ကို​ခေါ်လာ​၍ သင့်​ကို ခဲ​နှင့်​ပေါက်သတ်​မည်​။ ဓား​ဖြင့် အပိုင်းပိုင်း​ခုတ်ဖြတ်​မည်​။

Ver Capítulo Copiar

Common Language Bible

40 ``သင့်​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​အ​ပိုင်း​ပိုင်း ဖြတ်​ကြ​စေ​ရန် သူ​တို့​သည်​လူ​အုပ်​ကြီး​တစ် စု​ကို​လှုံ့​ဆော်​ပေး​ကြ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

40 တိုင် ပင် စည်း ဝေး ခြင်း ကို ပြု၍၊ ခဲ ပစ် ဒဏ်၊ ဓား ခုတ် ဒဏ်၊ တိုက် အိမ် မီး ရှို့ ဒဏ် များ ကို၊

Ver Capítulo Copiar

Judson Bible

40 လူ​အ​လုံး​အ​ရင်း​ကို​လည်း ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 16:40
8 Referencias Cruzadas  

ထို့ကြောင့် ဘုရားသခင်​သည် ခါလဒဲ​ဘုရင်​ကို သူ​တို့​ထံသို့ ချီလာ​စေ​တော်မူ​၏​။ ထို​ဘုရင်​သည် လူငယ်​တို့​ကို သူ​တို့​၏​သန့်ရှင်းရာဌာန​တော်​တွင်​ပင် ဓား​နှင့်​ကွပ်မျက်​၏​။ လူပျို​အပျို​နှင့် သက်ကြီး​လူအို​များ​ပါ​မကျန် အားလုံး​ကို နှမြော​ခြင်း​မ​ရှိ​၊ ထို​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


သူ​တို့​က သူ့​ကို အဝတ်အချည်းစည်း​ဖြစ်​စေ​ကြ​၏​။ သူ​၏​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​၍ သူ့​ကို​ဓား​နှင့်​ကွပ်မျက်​ကြ​၏​။ ထိုသို့ အပြစ်ဒဏ်​စီရင်​ခံရ​၍ သူ​သည် မိန်းမ​တကာ​တို့​တွင် နာမည်ပျက်​သော​မိန်းမ​ဖြစ်​လေ​၏​။


သဝန်တို​သော​စိတ်​ကြောင့် သင့်​ကို​ငါ​အမျက်ထွက်​သည်​ဖြစ်၍ သူ​တို့​သည် အမျက်​ပြင်းစွာ​ဖြင့် သင့်​ကို​စီရင်​လိမ့်မည်​။ သင့်​နှာခေါင်း​၊ နားရွက်​တို့​ကို ဖြတ်ပစ်​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဓားဘေး​ဖြင့် သေဆုံး​ရ​လိမ့်မည်​။ သင့်​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် မီးရှို့​ခံရ​မည်​။


လူအလုံးအရင်း​တို့​သည် သူ​တို့​ကို ကျောက်ခဲ​နှင့် ပေါက်သတ်​ကြ​လိမ့်မည်​၊ ဓား​ဖြင့် ခုတ်သတ်​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​များ​ကို​လည်း သတ်​၍ အိမ်​များ​ကို​လည်း မီး​ရှို့​ပစ်​လိမ့်မည်​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos