ယေဇကျေလ 16:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဤသို့ဖြင့် သင်သည် ရွှေငွေကို ဆင်ယင်ရ၏။ ပိတ်ချောထည်၊ ပိုးထည်၊ ဇာပန်းထိုးထည်တို့ကို ဝတ်ဆင်ရ၏။ အကောင်းဆုံးဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီတို့ကိုစားသုံးရ၏။ သင်သည် လှသွေးကြွယ်ပြီး ဘုရင်မတစ်ဆူသဖွယ် ဖြစ်လာ၏။ Ver CapítuloCommon Language Bible13 သင်သည်ရွှေ၊ ငွေ၊ တန်ဆာများကိုဆင်ယင် ကာပိတ်ချောထည်ပန်းထိုးထည်နှင့် အဖိုး တန်အဝတ်အစားများကိုအစဉ်ပင်ဝတ် ဆင်ရ၏။ သင်သည်အကောင်းဆုံးမုန့်ညက် ဖြင့်လုပ်သောမုန့်ပျားရည်နှင့် သံလွင်ဆီကို စားသုံးရ၏။ သင်၏အဆင်းသည်ဖိတ်ဖိတ် တောက်လှပသဖြင့်သင်သည်မိဖုရား ဖြစ်လာ၏။- Ver CapítuloGarrad Bible13 ထို သို့ သင် သည် ရွှေ ငွေ တန် ဆာ ဆင် ယင် လျက်၊ ပိတ် ချော ထည်၊ ပိုး ထည်၊ ပန်း ထိုး ထည် များ ကို ဝတ် လျက်၊ မုန့် ညက်၊ ပျား ရည်၊ ဆီ များ ကို သုံး ဆောင် လျက် နေ ရာ၊ အ လွန် အ ဆင်း လှ၍ မိ ဖု ရား ရာ ထူး သို့ ရောက် ပြီး လျှင်၊ Ver CapítuloJudson Bible13 ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကို ဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာလှသောအဆင်းနှင့် ပြည့်စုံ၍၊ မိဖုရားအရာကို ခံရ၏။ Ver Capítulo |