ယေဇကျေလ 14:9 - မြန်မာ့စံမီသမ္မာကျမ်း9 ပရောဖက်သည် သွေးဆောင်ခံရပြီး တစ်စုံတစ်ရာဟောပြောလျှင် ထိုပရောဖက်ကို သွေးဆောင်သောသူသည် ငါထာဝရဘုရားပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်၍ သူ့ကို ငါ၏လူမျိုးတော်အစ္စရေးအမျိုးထဲမှ ဖယ်ရှားပစ်မည်။ Ver CapítuloCommon Language Bible9 ``ပရောဖက်သည်ဖြားယောင်းခြင်းခံရ၍ ပရောဖက်ပြုသည်ဆိုအံ့။ ထိုသူအားငါ ထာဝရဘုရားဖြားယောင်းခြင်းပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်လျက် သူ့အားတိုက်ခိုက် ၍ဣသရေလအမျိုးသားတို့ထဲမှဖယ် ရှားမည်။- Ver CapítuloGarrad Bible9 ပ ရော ဖက် လည်း သွေး ဆောင် ရာ ပါ ၍ ဟော ပြော လျှင်၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ထို ပ ရော ဖက် ကို သွေး ဆောင် သည့် အ တိုင်း၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ဣ သ ရေ လ လူ မျိုး တော့် ဘောင် မှ သုတ် သင် လျက်၊ Ver CapítuloJudson Bible9 ပရောဖက်သည် ဟောပြော၍ မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရား မှားယွင်းစေ၏။ ထိုသူကို ငါသည်ဒဏ်ခတ်၍၊ ငါ၏ ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။ Ver Capítulo |
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။