ယေဇကျေလ 14:6 - မြန်မာ့စံမီသမ္မာကျမ်း6 သို့ဖြစ်၍ အစ္စရေးအမျိုးအနွယ်အား ‘ဘုရားရှင်ထာဝရဘုရားက နောင်တရ၍ ရုပ်တုများနောက်သို့လိုက်ခြင်းမှ ပြန်လှည့်လော့။ သင်တို့၏စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့မှ သင်တို့မျက်နှာကိုလွှဲကြလော့။ Ver CapítuloCommon Language Bible6 ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။ ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကားနောင်တရကြလော့။ စက် ဆုပ်ဖွယ်ကောင်းသောသင်တို့၏လုပ်ရပ်များ ကိုစွန့်ပစ်၍ ရုပ်တုတို့ကိုထားခဲ့ကြလော့။'' Ver CapítuloGarrad Bible6 သို့ နှင့် အ ညီ၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က ပြန် လာ ကြ လော့။ ကိုယ့် ရွံ့ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ မှ၊ မျက် နှာ လွှဲ၍ လှည့် ခဲ့ ကြ လော့။ Ver CapítuloJudson Bible6 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။ Ver Capítulo |
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။