ယေဇကျေလ 14:16 - မြန်မာ့စံမီသမ္မာကျမ်း16 ငါအသက်ရှင်သည်နှင့်အညီ ထိုပုဂ္ဂိုလ်သုံးဦးသည် ထိုပြည်၌ရှိနေလျှင်လည်း သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးများကို ကယ်တင်နိုင်မည်မဟုတ်။ ပြည်သည်လည်း လူသူကင်းမဲ့ရာဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ Ver CapítuloCommon Language Bible16 ထိုအခါငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည်နှင့် အညီ ထိုသူသုံးဦးသည်ထိုအရပ်တွင်နေ ထိုင်လျက်ပင်ရှိနေစေကာမူ မိမိတို့၏ သားသမီးများကိုကယ်နိုင်ကြလိမ့်မည် မဟုတ်။ မိမိတို့အသက်ကိုသာလျှင်ကယ် နိုင်ကြလိမ့်မည်။ ထိုပြည်သည်လည်းလူ သူကင်းမဲ့လိမ့်မည်။'' Ver CapítuloGarrad Bible16 အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို သုံး ဦး တို့ နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ နေ ပြည် သည် ဖုန်း ဆိုး ကုန်း နေ လျက်၊ ကိုယ် ချည်း သာ လွတ် မြောက် ခွင့် ရ ကြ မည်။ Ver CapítuloJudson Bible16 ထိုသူသုံးယောက် ရှိသော်လည်း၊ ငါ၏အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်နုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။