ယေဇကျေလ 13:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့ထုံးဖြူသုတ်ခဲ့သောမြို့ရိုးကို မြေတိုင်အောင် ဖြိုချမည်။ အုတ်မြစ်ကို လှန်ပစ်မည်။ ထိုပြိုကျသွားသောမြို့ရိုးနှင့်အတူ သင်တို့ပါ ပျက်စီးသွားမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ Ver CapítuloCommon Language Bible14 အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။'' Ver CapítuloGarrad Bible14 ထုံး သုတ် ပြီး နံ ရံ ကို ပယ် ဖျက် လျက်၊ အ ခြေ အ မြစ် ဟင်း လင်း ပေါ် အောင် ဖြို လှဲ သ ဖြင့်၊ ပျက် စီး ခံ ရ သော သင် တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။ Ver CapítuloJudson Bible14 ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသောအုတ်ရိုးကို မြေတိုင်အောင်ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။ Ver Capítulo |
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။