ယေဇကျေလ 12:23 - မြန်မာ့စံမီသမ္မာကျမ်း23 သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသော ထိုဆိုရိုးစကားကို ငါအဆုံးသတ်စေမည်။ နောင်တွင် ထိုစကားကို အစ္စရေးပြည်၌ ပြောဆိုရတော့မည်မဟုတ်။ ဗျာဒိတ်နိမိတ်ဟူသမျှ ဖြစ်လာမည့်နေ့ ရောက်တော့မည်’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible23 ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။'' Ver CapítuloGarrad Bible23 သို့ နှင့် အ ညီ၊ ထို ဆို ရိုး ကို ဣ သ ရေ လ လူ မျိုး တို့ ဆက် လက် မ သုံး ရ အောင်၊ ငါ ပြတ် စဲ စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ လည်း ကောင်း၊ နေ့ ရက် ကာ လ နီး လျက်၊ ရူ ပါ ရုံ ဟူ သ မျှ ပြည့် လု ပြီ ဟူ၍ လည်း ကောင်း၊ ဆင့် ဆို လော့။ Ver CapítuloJudson Bible23 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တစ်ဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟု ပြောလော့။ Ver Capítulo |
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။