ယေဇကျေလ 12:11 - မြန်မာ့စံမီသမ္မာကျမ်း11 ငါသည် သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ ငါလုပ်ပြသည့်အတိုင်း သူတို့ကြုံတွေ့ရလိမ့်မည်။ သုံ့ပန်းအဖြစ် လိုက်သွားရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။ Ver CapítuloCommon Language Bible11 သင်ပြုသောအမှုများသည်သူတို့တွေ့ကြုံ ရကြမည့်အမှုအရာများ၏ရှေ့ပြေး နိမိတ်ဖြစ်၍သူတို့သည်ဒုက္ခသည်များ၊ သုံ့ပန်းများဖြစ်ရကြမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။- Ver CapítuloGarrad Bible11 သင် တို့ ရှေ့ သက် သေ လ က္ခ ဏာ အ ဖြစ်၊ ငါ ပြု သည့် နည်း တူ၊ သူ တို့ သည် သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လျက်၊ Ver CapítuloJudson Bible11 ငါသည်သင်တို့၏နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ Ver Capítulo |
သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။