Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဦးခေါင်း​အထက်​မိုးမျက်နှာကြက်​တွင် နီလာရောင်​အဆင်းသဏ္ဌာန်​ပလ္လင်​နှင့်​တူ​သော​အရာ​တစ်​ခု ပေါ်လာ​သည်​ကို တွေ့​ရ​၏​။

Ver Capítulo Copiar

Common Language Bible

1 ငါ​သည်​အ​သက်​ရှင်​သော​သတ္တ​ဝါ တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​ကို​ကြည့် လိုက်​ရာ နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​သော​အ​ရာ​ကို​မြင်​ရ​၏။-

Ver Capítulo Copiar

Garrad Bible

1 ငါ ရှု ပြန် ရာ၊ ခေ ရု ဗ တို့ ဦး ခေါင်း များ အ ထက် ရှိ ပိ တာန်၌၊ ကျောက် ပြား သ ဖွယ်၊ ရာ ဇ ပ လ္လင် အ သွင် သဏ္ဌာန် ထင် ရှား ၏။

Ver Capítulo Copiar

Judson Bible

1 တစ်​ဖန် ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်၏​ခေါင်း​တို့​အ​ထက် မိုး​မျက်​နှာ​ကြက်၌ နီ​လာ​ကျောက်​ကဲ့​သို့၊ ရာ​ဇ​ပ​လ္လင်၏​သ​ဏ္ဌာန်​အ​ရောင်​သည် ထင်​ရှား၏။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 10:1
27 Referencias Cruzadas  

ထိုအခါ ထာဝရဘုရား​က “​ငါ​ပြု​မည့်​အရာ​ကို အာဗြဟံ​အား ငါ​ဖုံးကွယ်​ထား​ရ​မည်လော​။


သူ​သည် မျှော်ကြည့်​လိုက်​ရာ လူ​သုံး​ယောက်​သည် သူ​နှင့်​မလှမ်းမကမ်း​တွင်​ရပ်​နေ​ကြ​သည်​ကို မြင်​လေ​၏​။ အာဗြဟံ​သည် သူ​တို့​ကို​မြင်​သောအခါ ကြိုဆို​ရန် တဲ​အဝင်ဝ​မှ​ပြေးထွက်​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်


ထို​လူ​တို့​သည် ထို​အရပ်​မှ​လှည့်​၍ သောဒုံ​မြို့​သို့​သွား​ကြ​၏​။ အာဗြဟံ​မူကား ထာဝရဘုရား​၏​ရှေ့​တော်​၌ ဆက်၍​ရပ်​နေ​၏​။


ထိုအခါ အာဗြဟံ​က “​အကျွန်ုပ်​သည် အရဲစွန့်​၍ ဘုရားရှင်​အား ထပ်မံ​လျှောက်ထား​ပါ​မည်​။ ထို​အရပ်​တွင် အယောက်​နှစ်ဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​အယောက်​နှစ်ဆယ်​အတွက်ကြောင့် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထိုသို့ လူ​ကို​နှင်ထုတ်​ပြီးလျှင် အသက်​ပင်​သို့​သွား​ရာ​လမ်း​ကို​စောင့်ရှောက်​စေရန် ခေရုဗိမ်​နှင့်တကွ အဘက်ဘက်​လည်​နေ​သော​မီးလျှံ​ဓား​ကို ဧဒင်​ဥယျာဉ်​အရှေ့ဘက်​၌ ထား​တော်မူ​၏​။


ယာကုပ်​သည် တစ်ယောက်တည်း​ကျန်​ခဲ့​၏​။ ထိုအခါ လူ​တစ်​ယောက်​သည် အရုဏ်တက်​ချိန်​အထိ ယာကုပ်​နှင့်​နပန်းလုံး​လေ​၏​။


ထို့ကြောင့် ယာကုပ်​က “​ငါ​သည် ဘုရားသခင်​ကို မျက်နှာချင်းဆိုင်​မြင်​ရ​လျက်​နှင့် အသက်​ချမ်းသာ​ရာ​ရ​သေး​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို ပေနွေလ ဟု​ခေါ်​၏​။


ကိုယ်တော်​သည် ခေရုဗိမ်​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ဖူးမြင်​ကြ​၏​။ ခြေ​တော်​အောက်​၌ ကောင်းကင်​ကဲ့သို့​ကြည်လင်​သော နီလာ​ကျောက် ခင်း​ထား​သကဲ့သို့​ဖြစ်​၏​။


နေ့ရက်​များစွာ​လွန်​ပြီးမှ ထာဝရဘုရား​က “​ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့ သင်​ထ​သွား​လော့​။ ငါ​မိန့်မှာ​ထား​၍ ထို​နေရာ​တွင်​သင်​ဝှက်​ထား​သော ခါးပတ်​ကို ယူ​ခဲ့​လော့​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။


အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။


ဤသည်ကား ခေဗာ​မြစ်​နား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​အောက်​တွင် ငါ​တွေ့​ရ​သော​သတ္တဝါ​များ​ဖြစ်​၏​။ သူ​တို့​သည် ခေရုဗိမ်​များ​ပင်​ဖြစ်​သည်​ကို ငါ​သိ​၏​။


ထို့နောက် ဘေး​၌​ဘီး​ပါ​သော​ခေရုဗိမ်​တို့​သည် တောင်ပံ​များ​ကို​ဖြန့်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​သည်​လည်း သူ​တို့​အထက်​၌ တည်​နေ​၏​။


ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​က​လည်း “​ကိုယ်တော်​မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​လေ​၏​။


ငါ​သည် ကင်းတဲ​တွင် ရပ်​နေ​မည်​။ ခံတပ်​တွင် နေရာယူ​မည်​။ ကိုယ်တော်​သည် ငါ့​အား မည်သို့​မိန့်​တော်မူ​မည်​ကို​လည်းကောင်း​၊ ငါ့​အား ဆိုဆုံးမ​သောအခါ မည်သို့​ပြန်လျှောက်​ရ​မည်​ကို​လည်းကောင်း သိရှိ​နိုင်​ရန် စောင့်​လျက်​နေ​မည်​။


ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။


ဘုရားသခင်​သည် ထို​အစွမ်းသတ္တိ​နှင့်​တန်ခိုး​အရှိန်အဝါ​တို့​ကို ခရစ်တော်​ထဲ၌ သက်ဝင်​လှုပ်ရှား​စေ​တော်မူ​၍ ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ကာ


ထာဝရဘုရား​က ယောရှု​အား “​ကြည့်ရှု​လော့​။ ဂျေရိခေါ​မြို့​နှင့်တကွ ရှင်ဘုရင်​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​။


ခရစ်တော်​သည် ကောင်းကင်​ဘုံ​သို့​ကြွ​တော်မူ​၍ ကောင်းကင်​တမန်​များ၊ အာဏာစက်​များ​နှင့် တန်ခိုး​တို့​ကို မိမိ​လက်အောက်​၌​ချ​ထား​လျက် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ရှိ​နေ​တော်မူ​၏။


ထို​ဆီမီးခုံ​များ​အလယ်​၌ ခြေဖျား​တိုင်အောင်​ရောက်​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos