ယောလ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။ Ver CapítuloCommon Language Bible22 အို သားရဲတိရစ္ဆာန်တို့မစိုးရိမ်ကြနှင့်။ စားကျက်များသည် စိမ်းလန်းလျက်ရှိ၏။ သစ်ပင်များသည်အသီးသီးလျက်နေ၏။ သဖန်းသီးစပျစ်သီးတို့သည်လည်း အမြောက်အမြားရှိပါ၏။ Ver CapítuloGarrad Bible22 အို သား ယဉ် သား ရိုင်း တို့၊ မ ကြောက် ရွံ့ ကြ လင့်။ တော တောင် စား ကျက် များ သည် စိမ်း လန်း လျက်၊ သစ် ပင် များ သည် အ သီး သီး လျက်၊ သ ဖန်း၊ စ ပျစ် ပင် များ သည် ဖွံ့ ဖြိုး လျက် ရှိ ဦး မည်။ Ver CapítuloJudson Bible22 အို တောသားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက်ပင် ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကိုသီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ်လျက် ရှိကြ၏။ Ver Capítulo |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။