ယောလ 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။ Ver CapítuloCommon Language Bible11 ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။ Ver CapítuloGarrad Bible11 တပ် တော် အ လွန် ကြီး ကျယ် သော ကြောင့် လည်း ကောင်း၊ အ မိန့် တော် အ တိုင်း စီ ရင် သော ဗိုလ် ထု သည်၊ ခွန် အား ကြီး သော ကြောင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ ခံ ရပ် သူ မ ရှိ သည့် တိုင် အောင်၊ ကြီး လှ၍ ကြောက် ရွံ့ ဖွယ် ကောင်း သော ကြောင့် လည်း ကောင်း၊ ထို အ လုံး အ ရင်း တော် ရှေ့၊ ထာ ဝ ရ ဘု ရား သည် အ သံ ကို လွှင့် တော် မူ ၏။ Ver CapítuloJudson Bible11 ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည်အလွန်ကြီးမား၏။ စကားတော်အတိုင်း စီရင်သောသူသည် တန်ခိုးကြီးတော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန်ကြောက်မက်ဖွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင်သနည်း။ Ver Capítulo |
သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။
သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။