ယောလ 1:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရား၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ပြတ်လေပြီ။ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်သောယဇ်ပုရောဟိတ်တို့လည်း ငိုကြွေးမြည်တမ်းကြလေပြီ။ Ver CapítuloCommon Language Bible9 ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။ Ver CapítuloGarrad Bible9 ဗိ မာန် တော့် ဆိုင် ရာ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ကုန် ခန်း သည့် အ တွက်၊ ထာ ဝ ရ ဘု ရား၏ အ မှု တော် ဆောင် ပ ရော ဟိတ် တို့ မြည် တမ်း ကြ ရ ၏။ Ver CapítuloJudson Bible9 ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့သည် ငိုကြွေးမြည်တမ်းကြ၏။ Ver Capítulo |
သူတို့သည် စပျစ်ဝိုင်ကို ထာဝရဘုရားထံ သွန်းလောင်းပူဇော်ရမည်မဟုတ်။ သူတို့၏ပူဇော်သက္ကာတို့ကိုလည်း ကိုယ်တော်လက်ခံတော်မူမည်မဟုတ်။ ထိုပူဇော်သက္ကာသည် သူတို့အဖို့ အသုဘအစာကဲ့သို့ ဖြစ်၏။ စားသောသူအားလုံး ညစ်ညူးခြင်းသို့ ရောက်လိမ့်မည်။ အကယ်စင်စစ် ထိုအစာသည် သူတို့စားဖို့သာ ဖြစ်၏။ ထာဝရဘုရားအိမ်တော်သို့ မယူဆောင်လာရ။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။