ယောရှု 9:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူတို့ကလည်း “အကျွန်ုပ်တို့သည် သခင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အကြောင်းကိုကြား၍ အလွန်ဝေးသောပြည်မှလာသော သခင်၏ကျွန်များဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ထာဝရဘုရား၏ဂုဏ်သတင်းတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်၌ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း၊ Ver CapítuloCommon Language Bible9 ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊- Ver CapítuloGarrad Bible9 ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကြောင့် အ လွန် ဝေး ကွာ သော ပြည် မှ ကျွန် တော် မျိုး ခံ လာ ကြ ပါ ပြီ။ အီဂျစ် ပြည် တွင် စီ ရင် သ မျှ မှ စ၍ ယော် ဒန် မြစ် တစ် ဘက်၊ Ver CapítuloJudson Bible9 သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သတင်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကိုလည်းကောင်း၊ Ver Capítulo |
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။